USB Debugging Mode ကို အားလုံးသိထားကြတဲ့အတိုင်း
ကွန်ပျူတာနဲ့ဖုန်းချိတ်ဆက်ရာမှာမဖြစ်မနေဖွင့်ပေးရပါတယ်။
ဥပမာ။ ။ကျွန်တော်တို့ဖုန်းကနေ ADB ကနေစေခိုင်းဖို့ဆိုရင် USB Debugging Mode
မဖွင့်ထားပေးရင်ဘယ်လိုမှအလုပ်မလုပ်နိုင်ပါဘူး။
ကွန်ပျူတာကနေ Root ဖောက်ရင်လည်းမဖြစ်မနေလိုအပ်ပါတယ်။
တခြားအကြောင်းတွေလည်းအများကြီးရှိပါတယ်။
အကုန်ပြောနေရင်ပြီးမှာမဟုတ်တော့ပါဘူး ဒါကြောင့်ဖုန်းဗားရှင်းအလိုက်
USB Debugging Mode ဖွင့်နည်းကိုပဲဆက်ကြည့်သွားရအောင်..
USB Debugging Mode ကို Developer/Development Options တွေကနေသွားဖွင့်ပေးရတာပါ။Android 4.2 အောက်ဖုန်းတွေမှာ Developer/Development Options ကို
အလွယ်တကူရှာဖွေတွေ့ရှိနိုင်ပေမယ့် 4.2 အထက်မှာတော့ ဝှက်ထားကြပါတယ်။
ဝှက်ထားတာကိုအရင်သွားဖော်ပြီးမှ Development Options ကိုမြင်တွေ့ရပြီး
USB Debugging Mode ကိုဖွင့်လို့ရမှာပါ။
Android Version 2.0 ကနေ Android 2.0 – 2.3.x အထိ USB Debugging Mode ဖွင့်နည်း1- ပထမဦးဆုံး ဖုန်းရဲ့ Setting ဝင်ပါ။
2- Applications ကိုဆက်ဝင်ပါ။
3- Development ကိုထပ်ဝင်သွားပါ။
4- USB Debugging ကိုတွေ့ပြီးဆိုရင်သူ့ဘေးနားကကွက်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ။
ဒါဆိုအမှန်ခြစ်လေးတပ်သွားပါလိမ့်မယ်။ဒါဆိုရပါပြီ USB Debugging Mode ပွင့်သွားပါပြီ။
Anroid Version 3.0 ကနေ 4.0 – 4.1.x အထိ USB Debugging Mode ဖွင့်နည်း 1- ပထမဦးဆုံး Setting ကိုသွားပါ။2- ပြီးရင် Developer options ကိုဆက်ဝင်ပြီး သူ့ကိုအရင်ဖွင့်ပေးပါ။3- ပြီးရင် USB debugging ကိုတစ်ချက်နှိပ်လိုက်ပါ သတိပေးစာတက်လာရင် Ok သာပေးလိုက်ပါ။ ပုံထဲကအတိုင်းကြည့်ပြီးတစ်ဆင့်ချင်းလုပ်သွားလိုက်ပါ။
Android Version 4.2.x ကနေ 4.3 , 4.4.0 , 4.4.2 , 4.4.4 အထိ USB Debugging Mode ဖွင့်နည်းဒီ 4.2 အထက်ကနေစပြီးတော့ Developer Options ကိုဝှက်ထားကြပါပြီ။USB Debugging Mode ကိုသွားမဖွင့်ခင် ဝှက်ထားတဲ့Developer Options ကိုအရင်သွားဖော်ပေးရပါမယ်။1- ပထမဦးဆုံးဖုန်းရဲ့ Setting ကိုဝင်ပါ။ Developer Options ကိုရှာလို့တွေ့သေးမှာမဟုတ်ပါဘူး။2- အောက်ဆုံးက About/About Phone ကိုပဲဆက်ဝင်ပေးလိုက်ပါ။3- အဲ့ဒီထဲက Build number ကိုရှာပြီး ၇ ချက်ဆက်တိုက်ခပ်မြန်မြန်နှိပ်ပေးလိုက်ပါ။ ဒါဆိုရပါပြီ အဲ့ကနေပြန်ထွက်လိုက်ပါ Developer Options ကိုမြင်ရပါပြီ။
1- Setting ကိုသွားပါ။2- ပြီးရင် Developer options ကိုဆက်ဝင်ပြီး သူ့ကိုအရင်ဖွင့်ပေးပါ။3- ပြီးရင် USB debugging ကိုတစ်ချက်နှိပ်လိုက်ပါ သတိပေးစာတက်လာရင် Ok သာပေးလိုက်ပါ။ ပုံထဲကအတိုင်းကြည့်ပြီးတစ်ဆင့်ချင်းလုပ်သွားလိုက်ပါ။
Android 5.0 Lollipop အထက်နောက်ပိုင်းဖုန်းတွေဆိုရင်တော့4.2 အထက်နဲ့မကွာပါတော့ပါဘူး။ သူလည်း Developer Options ကိုဝှက်ထားပါတယ်။1- Setting ကိုသွားပါ။2- အောက်ဆုံးက About/About Phone ကိုပဲဆက်ဝင်ပေးလိုက်ပါ။3- အဲ့ဒီထဲက Build number ကိုရှာပြီး ၇ ချက်ဆက်တိုက်ခပ်မြန်မြန်နှိပ်ပေးလိုက်ပါ။ ပြီးရင်အောက်ကပုံကိုဆက်ကြည့်ပေးပါ။၇ ချက်လောက်ခပ်မြန်မြန်နှိပ်ပေးလိုက်ရင် အောက်ပါပုံလိုမျိုး You are now developer! ဆိုတဲ့ Popup Message အနေနဲ့ပြလာရင်ရပါပြီ။Back key တစ်ချက်ပြန်ထွက်လိုက်ရင် Developer Options ကိုတွေ့မြင်ရပါပြီ။ဝင်လိုက်ပါ ပြီးရင် Developer Options ကိုအရင်ဖွင့်ပေးလိုက်ပါ။ ညာဘက်အပေါ်ဒေါင့်နားမှာပါ။ပြီးရင်တော့ USB Debugging Mode ကိုဖွင့်လိုက်ပါ။ဘာညာသရကာပြောလာရင်လည်း OK သာပေးလိုက်ပါ။ဒါဆိုရပါပြီ :Dအားလုံးအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ...Thank You :)
No comments:
Post a Comment